Reset,Refresh and Restoreအကြောင်း

Reset,Refresh,Restore အကြောင်းသိကောင်းစရာ 

Windows မတက်နိုင်တော့တဲ့ အခြေနေတွေမှာ Repair လုပ်တာ၊
Bootrec ကို Rebuild,Fix လုပ်တာတွေ မရတော့ဘူးဆိုရင် စက်ကို
Reset,Refresh,Restore လုပ်လိုက်ရင် ပြန်ရသွားတတ်ပါတယ်။
တစ်ချို့စက်တွေက လုံးဝ Reset လုပ်မရတာတွေလည်း ရှိပါတယ်။
Reset,Refresh,Restore က ဘာကွာခြားလဲ။ Reset ဆိုတာက 
Windows စတင်သလိုဖြစ်သွားပါမယ်။ Microsoft Store ကနေ
ဒေါင်းလုဒ်ဆွဲ Install လုပ်ထားတဲ့ Apps,Programs တွေ ပျက်သွား
ပါမယ်။ Settings တွေလည်း Windows Default အတိုင်းဖြစ်သွားမယ်။
Partition တွေမှာရှိတဲ့ User Data တွေ မပျက်သွားပါဘူး။ ဒါပေမယ့်
Windows OS ရှိတဲ့ C:\ တစ်ပိုင်းလုံး အသစ်လိုပြန်ဖြစ်သွားပါမယ်။
အဲ့ဒါကြောင့် C:\ အောက်မှာ Data တွေရှိရင် Repair Mode ကနေ
Cmd ကို ဝင်ပြီး Copy ကူး Backup လုပ်ထားဖို့လိုပါတယ်။ Command
Prompt ကနေ Backup Copy ကူးနည်းကို နောက်မှ ရေးတင်ပါမယ်။

Refresh ဆိုတာက သူလည်း Windows အသစ်ပြန်တင်သလိုပါပဲ။
Windows Version အနိမ့်တစ်ခုကနေ အမြင့် Version ကိုသုံးနေရက်
တန်းလန်းနဲ့ တိုက်ရိုက် Udpate လုပ်လိုက်တာလည်း Refresh လုပ်
တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တိုက်ရိုက် Windows Update 
လုပ်လိုက်သလို Apps,Settings တွေကိုတော့ Windows အဟောင်း
ထဲကလို သူ့နေရာတကျ မဖြစ်ပါဘူး။ အသစ် Apps,Settings တွေ
ဖြစ်သွားပါမယ်။ Partition တွေမှာရှိတဲ့ Data တွေတော့မပျက်ပါဘူး။ 
Reset,Refresh လုပ်တဲ့အခါ Choose an Option မှာ Apps,Settings,
Personal Files တွေကို သိမ်းထားမလား၊ အကုန် Remove လုပ်မလား
ဆိုပြီး မေးပါလာလိမ့်မယ်။ ကြိက်တာတစ်ခုရွေးထားနိုင်ပါတယ်။

Restore ဆိုတာ ကွန်ပျူတာပြဿနာမဖြစ်ခင် Windows တက်နေတဲ့
အချိန်မှာ Recovery Image လုပ်ထားရင် ပြန်ပြီး ဆယ်ယူနိုင်ပါတယ်။
Recovery Image လုပ်နည်း ရေးတင်ထားပြီးသားရှိပါတယ်။ သူကတော့
ကွန်ပျူတာပြဿနာမဖြစ်ခင်အထိ Recovery Image လုပ်ထားရင် လုပ်
ထားတဲ့အထိပဲ Recover လုပ်နိုင်ပါတယ်။ ဥပမာဆိုပါစို့။ Recovery က
မနေ့က နောက်ဆုံးလုပ်ထားတယ်ဆိုရင် စက်က ဒီနေ့မှာ ပျက်သွားတယ်။
Recovery Image နဲ့ Restore လုပ်လိုက်ရင် မနေ့ကအထိပဲ ပြန်ရသွား
ပါမယ်။ မနေ့ကနဲ့ စက်မပျက်ခင်အထိ ကြားထဲမှာ Install လုပ်ခဲ့တာ၊
Settings တွေ ပြင်ဆင်ခဲ့တာတွေတော့ ပျက်သွားပါမယ်။

Reset,Refresh ဘယ်လိုလုပ်ရမလဲ။ Windows ခွေနဲ့ Boot တက်၊ 
Install မလုပ်ပဲ Repair ကိုနှိပ်ဝင်၊Troubleshoot ထဲကိုဝင်သွားပြီးရင်
Reset,Refresh ကြိုက်တာတစ်ခုလုပ်နိုင်ပါတယ်။ Restore လုပ်ချင်ရင်
Troubleshoot\Advanced Options အောက်မှာ လုပ်နိုင်ပါတယ်။
ကွန်ပျူတာသုံးလို့ရနေတဲ့အချိန်မှာ Reset,Refresh လုပ်ချင်ရင် 
All Settings\Update&Security\Recovery ထဲဝင်ပြီးလုပ်နိုင်ပါတယ်။

Credit-NetComplus

Write-Protected ကိုဖြုတ်နိုင်မယ့်နည်းလမ်း(၂)ခု



(1) Run box မှာ regedit ကိုရိုက်ထည့်ပါ။ 

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control 
အောက်အထိ တစ်ဆင့်ချင်းဝင်သွားပါ။ Control ကိုဖြေချလိုက်ရင် S နဲ့ 
စတဲ့နေရာအထိဆင်းသွားပါ။ အဲဒီမှာ Storage Device Policies ကိုရှာပါ။ 
မတွေ့ ရင် အပေါ်က Control ကိုပြန်သွားပြီး Control အပေါ်မှာ right click 
နှိပ်၊ New>Key ကိုနှိပ်၊ New Key ကို StorageDevicePolicies လို့ ပေးပါ။ 
အဲ့ဒီ StorageDevicePolicies ရဲ့ ညာဘက်ခြမ်းက အလွတ်ဖြစ်နေတဲ့နေရာမှာ 
Right click နှိပ်။ New စက်က 32 bit or 64 bit လားရွေးပါ။ 32 bit ဖြစ်တဲ့ 
DWORD ကိုရွေးကြပါတယ်။ တစ်ခုကိုရွေးပြီး WriteProtect လို့ ရေးပါ။ 
WriteProtect ကို right click နှိပ်၊ Modify ကိုရွေးပြီး value data မှာ 0 လို့ 
ပေးပြီး Ok နှိပ်။ Registry ကိုပိတ်လိုက်ပါ။

(2) Command Prompt ကို admin နဲ့ ဖွင့်လိုက်ပါ။ 

Cmd မှာ diskpart လို့ ရိုက်ထည့်ပါ။ Diskpart> လို့ နောက် prompt တစ်ခု
ဖွင့်လာရင် list disk လို့ ရိုက်ထည့်ပါ။ အဲ့ဒီမှာ မိမိစက်မှာထည့်ထားတဲ့ Disk တွေ 
0,1,2,3 စသည်ဖြင့် အစဉ်လိုက်အကုန်မြင်ရမယ်။ ကျနော့်စက်မှာတော့ ဘာမှ
မထိုးထားလို့ Hdd တစ်ခုပဲတွေ့ ရမယ်။ အဲ့ဒီမှာ WriteProtect ဖြစ်နေတဲ့ disk ကို 
ရွေးပေးရမယ်။ Diskpart> ရဲ့  ဘေးမှာ select disk 0,1,2,3 စသည့်ဖြင့်ရေးပြီး WriteProtect ဖြစ်နေတဲ့တစ်ခုကိုရွေးပေးပါ။ ကျနော့်စက်မှာတော့ 0 တစ်ခုပဲရှိတာ
ဖြစ်တဲ့အတွက် select disk 0 လို့ ရွေးပေးလိုက်ပြီး Enter နှိပ်ပါ။ Disk 0 is now the selected disk လို့ ပေါ်လာရင် Diskpart> ရဲ့ ဘေးမှာ (attributes disk clear readonly ) ကို ကွင်းစကွင်းပိတ်မပါပဲ ကူးထည့်၊ Enter နှိပ်ပါ။ 
Disk attributes cleared successfully 
ပေါ်လာရင် Stick ကို ဖြုတ်၊ ပြန်ထည့်ပြီး သုံးနိုင်ပါပြီ။ USB Stick မှာ 
WriteProtect အပိတ်အဖွင့်လုပ်တဲ့ သော့ခလုပ် Switch လေးပါရင် 
အဲ့တာကို အပိတ်ဖွင့်လုပ်လိုက်ပါ။ တစ်ခြားနည်းလမ်းတွေလည်း ကျန်ပါသေးတယ်။ 
ကွန်ပျူတာစလေ့လာတုန်းက ရေးထားတဲ့ပို့ စ်ကို ပြန် Edit လုပ်ထားပါတယ်။လုပ်ထားပါတယ်။
ပုံလေးတွေဆက်ကြည့်လိုက်ပါနော်











Credit-NetComplus


ကွန်ပျူတာလေးနေရင်ဖြေရှင်းနည်း


ကွန်ပျူတာဟန်းနေရင် ဘယ်လိုဖြေရှင်းရမလဲ

ကွန်ပျူတာအသုံးပြုသူတိုင်း နေ့ တိုင်းကြုံတွေ့ ရမယ့် 
ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။ Temp 
file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart 
ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေ
မှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ် 
အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်
ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင် 
စက်က အဆင်မပြေသေးဘူးဆိုရင် စက်ကို ဘာ program 
တွေမှ မပိတ်လိုက် တိုက်ရိုက် Shutdown ချတတ်ကြပါတယ်။ 

အဲ့ဒီမှာ မ Save ရသေးတဲ့ Program, Files တွေက 
အကုန်လစ်သွားမှာပါ။ မိမိကွန်ပျူတာက ဟန်းတော့မယ့်
အခြေနေဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။ စက်က i3, 6 Gen(U),
RAM က 4 GB လောက်ပဲရှိတာကို Browser မှာ Tab တွေ 
အများကြီးဖွင့်ထားတယ်။ တစ်ခြား Programs တွေလည်း 
တစ်ပြိုင်တည်း သုံးနေတယ်။ Program အကြီးစား Photoshop 
တို့ Engineering Software တို့ စတာတွေလည်းသုံးနေတယ်။ 
ဂိမ်းလည်းဆော့နေတယ်ဆိုရင် သေချာပေါက် စက်ဟန်းမှာပါ။ 
တစ်ချို့ စက်တွေမှာတော့ ဘာ program မှ မသုံးပဲလည်း စက်က 
Auto ဟန်းနေပြီးသား။ Desktop အပေါ်မှာ Run နေတဲ့ 
program တွေ မတွေ့ ရပေမယ့် နောက်ကွယ်မှာ Run နေတဲ့ 
program တွေ ရှိပါတယ်။ 

မိမိစက်ဟန်းတော့မယ်ဆိုရင် CPU က Overheat ဖြစ်ပြီး 
အရမ်းပူလာပါမယ်။ အသံတွေလည်း တစ်ရှဲရှဲမြည်လာပါလိမ့်မယ်။ 
Taskbar ကို Right click နှိပ်ပြီး Task Manager ထဲဝင်ကြည့်ပါ။ 
အဲ့မှာ Process, Performance အောက်မှာကြည့်ကြည့်ပါ။ CPU, 
RAM, Harddisk, Internet, GPU တွေ ဘယ်လောက်အသုံးပြုနေ
တာတွေ တွေ့ ရမှာပါ။ CPU, RAM, Harddisk တွေရဲ့ Usage က 
10%, 15%,20% လောက်ဆို ပုံမှန်အတိုင်းဖြစ်ပေမယ့် အဲ့ဒီထက်
ကျော်လွန်ပြီး CPU က 50% ထက်ကျော်နေမယ်၊ Memory က 
အပြည့်သုံးနေမယ်၊ HDD Usage ကလည်း 100% အပြည့်သုံး
နေပြီဆိုရင် မိမိစက်က ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းပေကပ်ပြီး 
ဆက်သုံးနေရင်တော့ စက်ပျက်ဖို့ မဝေးတော့ပါဘူး။ အဲ့ဒီလို
မဖြစ်စေဖို့ ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို 
အောက်မှာ ဖော်ပြပေးသွားပါမယ်။

(1) Files အဟောင်းတွေ မလိုအပ်တဲ့ Files တွေ ရှင်းလင်းပါ။

ကျွန်တော်တို့  program တစ်ခုအသုံးပြုတိုင်း သုံးခဲ့သမျှ 
programs တွေရဲ့  Temp Files တွေ ကျွန်တော်တို့ မမြင်နိုင်တဲ့
နေရာမှာ ကျန်နေလေ့ရှိပါတယ်။ အဲ့ဒါတွေကို ရှင်းလင်းပေးရမယ်။ 
Windows Key နဲ့ R ကို တွဲနှိပ်ပါ။ Run box ပေါ်မှာ အောက်ပါ 
(recent, temp, %temp%, prefetch ) command တွေကို 
တစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီး 
Shift Delete နဲ့ ဖျက်လိုက်ပါ။ ဖျက်လို့ မရတာတွေကို Skip 
လုပ်ပါ။ CCleaner နောက်ဆုံးဗားရှင်းကို Install လုပ်ပြီး ပုံမှန် 
Run လုပ်ပေးပါ။ တစ်လတစ်ခါလောက် Run box မှာ (cleanmgr) 
လို့ ရိုက်ထည့်ပြီး Disk Cleanup လုပ်ပါ။ Run box မှာ (dfrgui) 
ရိုက်ထည့်ပြီး Diskfragment လုပ်ပါ။

(2) Background Running Program မလိုအပ်တဲ့ 
Program တွေပိတ်ပါ။

မိမိစက်မှာ မလိုအပ်တဲ့ program တွေ Install လုပ်ထားခြင်း
ကလည်း မိမိ အသုံးမပြုပဲထားပေမယ့် နောက်ကွယ်မှာတော့ 
Run နေတတ်ပါတယ်။ Program and Features ထဲဝင်ပြီး 
မလိုအပ်တာတွေကို ဖြုတ်ပါ။ ကွန်ပျူတာရဲ့ Default App တွေ၊ 
Store ထဲက App တွေကိုတော့ program and Features ကနေ 
ဖြုတ်လို့ မရပါဘူး။ ဥပမာ- Notepad ကိုဖြုတ်ချင်တယ်ဆိုရင် သူ့ 
location ထဲမှာ uninstall.exe နဲ့ ဖြုတ်လို့ ရသလို့ Registry ထဲမှာ 
သွားဖျက်လည်းရတယ်။ Microsoft Trusted Store ထဲက App တွေကို 
ဥပမာ - Camera ဆိုပါတော့ သူကို ဖြုတ်ဖို့  All Settings\App 
အောက်က Apps & Features အောက်မှာ ဖြုတ်ချင်တဲ့ app တစ်ခုကို 
click တစ်ချက်နှိပ်ပြီး uninstall နှိပ်ပါ။ နောက်ထပ်ဖြုတ်ရမယ့် 
Background running program တွေဖြုတ်ပါ။ All Setting\ 
Privacy အောက်က Background Apps မှာ မလိုအပ်ရင် 
အကုန်သာ Off ထားလိုက်ပါ။ All Settings\App အောက်က 
Startup မှာလည်း အကုန်သာပိတ်ထားလိုက်ပါ။ Task Manager 
ကနေလည်း မလိုအပ်တဲ့ programs တွေကို End Task လုပ်လိုက်ပါ။ 
System တွေကိုတော့ မလုပ်မိစေနဲ့ နော်။ မိမိစက်မှာ CCleaner 
ထည့်ထားရင်တော့ အဲ့ဒီ Tool ကနေဖြုတ်လို့ ရတယ်။

(3) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။

ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်
တော့ Virus ရှိလို့ လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scanner 
တွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်း 
update ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့ တိုင်း စက်ဖွင့်တိုင်း Virus Scan 
run ပေးပါ။ တစ်ချို့ Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာ
တွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်
ကိုအဆင့်မြင့်ပါတယ်။

(4) မလိုအပ်တဲ့ Services တွေကို ပိတ်ထားပါ။

Windows Search ကလည်း မိမိမျက်စိနဲ့ မမြင်နိုင်ပေမယ့် 
နောက်ကွယ်မှာတော့ user ရှာတာ အလွယ်တကူ တွေ့ နိုင်စေဖို့ 
အလုပ်လုပ်နေရပါတယ်။ Search box ကနေတစ်ခုခု ရိုက်ရှာ
လိုက်ရင် မိမိရှာဖွေလိုက်တဲ့အရာနဲ့ ပတ်သက်တာတွေကို ရှိသမျှ
နေရာတွေထဲမှာ လိုက်ရှာနေရပါတယ်။ အဲ့တာကြောင့် Windows 
Search ကို ပိတ်ချင်ရင် Services ထဲကိုဝင်ပါ။ Run box မှာ 
(services.msc) ရိုက်ထည့်ပါ။ Windows Search ကိုရှာပြီး 
Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ 
CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့ run ပါ။ 

(net.exe stop “Windows Search”) လို့ ရိုက်ထည့်ပြီး Enter 
နှိပ်ပါ။ The Windows Search Service was stopped successfully လို့ 
ပြလာရင် ရပါပြီ။ Superfetch ကိုရှာပြီး Automatic ဖြစ်နေတာကို 
Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို 
admin နဲ့ run ပါ။ (net.exe stop superfetch) လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ။ 
The Superfetch Service was stopped successfully လို့ ပြလာရင် ရပါပြီ။ 
Background Intelligent Transfer Service(BITS) ကိုရှာပြီး Automatic 
ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ မလိုအပ်တဲ့ဟာတွေ 
Running ဖြစ်နေတာကို အပေါ်ကနည်းအတိုင်းလုပ်ပါ။ 

System တွေကိုတော့ မလုပ်မိပါစေနဲ့ ။ Run box မှာ (msconfig)လို့ 
ရိုက်ထည့်ပြီး services tab အောက်ဆုံးမှာ Hide All Microsoft Services ကို 
အမှန်ခြစ်ခြစ်ပြီး ကျန်တာတွေကို Disable လုပ်လိုက်ရင်လည်းရပါတယ်။ 
အဲ့ဒီထဲက တစ်ခုခုကို ပြန်သုံးချင်ရင် Services မှာ disable လုပ်ထားတယ်။ 
သုံးချင်ရင် ပြန်ဖွင့်ပါလို့  message တက်လာပါမယ်။ 
ကိုယ်သုံးချင်တဲ့အချိန်မှ Enable လုပ်ပြီးသုံးပါ။

(5) RAM နည်းနေရင် Virtual RAM လုပ်ပြီးသုံးပါ။

Virtual RAM လုပ်နည်းကတော့ 

https://www.facebook.com/NetComputer/posts/327014301040720  
မှာတင်ခဲ့ပြီးပါပြီ။

(6) Power Options ကို High Performance ပြောင်းပါ။

ကွန်ပျူတာဘက်ထရီ power options က Windows ရဲ့  
default plan ဖြစ်နေရင် တစ်ချို့ ဘက်ထရီအားအရမ်းစားတဲ့ 
program တွေနဲ့ တွေ့ ရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီတော့ 
high performance ပြောင်းထားရမယ်။ ဘက်ထရီအကြောင်းကို 

https://www.facebook.com/NetComputer/posts/327655534309930 

 မှာ တင်ခဲ့ပြီးပါပြီ။ 

Control Panel\All Control Panel Items\Power Options\
Edit Plan Settings ထဲဝင်လိုက်ပါ။ အဲ့ဒီမှာ High Performance 
plan မရှိသေးရင် power options အောက်မှာ Create Power Plan မှာ 
High Performance plan ကို ရွေးပြီး Create လုပ်ပါ။ အခုမှ High 
Performance plan Create လုပ်တဲ့သူရော၊ ရှိပြီးသားသူတွေရော 
Change Advanced Power Setting ကို ဆက်နှိပ်ပါ။ အဲ့ဒီမှာ Balanced 
နေရာမှာ High Performance plan ကို ရွေးထားပေးပြီး 

https://www.facebook.com/NetComputer/posts/327655534309930  

ထဲက အတိုင်း တစ်ခုချင်းစီ သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် 
Save Change လုပ်ဖို့ မမေ့ပါနဲ့ ။

(7) Disk Check လုပ်ပါ။

CMD ကို admin နဲ့ run ပါ။ (chkdsk.exe /f/r) ရိုက်ထည့်ပြီး Enter နှိပ်ပါ။ 
စက် Restart ချပြီးရင် check disk လုပ်မလုပ်(Y/N) မေးလာရင် (Y) လို့ 
ရိုက်ထည့်ပါ။ စက် Restart ချပြီးရင် check disk လုပ်ပါလိမ့်မယ်လို့ ပြလာပါလိမ့်မယ်။

(8) Flash Player တွေကို Uninstall လုပ်ပါ။

Browser Setting ထဲဝင်ပါ။ Chrome ဆိုရင် chrome://settings/content/flash?search=flash+ ထဲဝင်ပါ။ 
အဲ့ဒီမှာ block or ကြိုက်သလိုလုပ်နိုင်တယ်။

(9) Diagnostic Tracking ကို Disable လုပ်ထားပါ။

CMD ကို admin နဲ့ run ပါ။ (sc config “DiagTrack” start=disabled) လို့ 
ရိုက်ထည့်ပြီး enter နှိပ်ပါ။ Success ဖြစ်သွားရင် (sc stop “DiagTrack”) လို့  
ပြန်ရိုက်ထည့်ပါ။ The service has not been started ပေါ်လာရင် cmd ကို 
ပိတ်လို့ ရပါပြီ။

(10) RunFullMemoryDiagnostic Job ကို Disable လုပ်ပါ။ 

Control Panel\All Control Panel Items\Administrative Tools 
အောက်က Task Scheduler ကိုဖွင့်ပါ။ Task Scheduler library ကို
ချဲ့ လိုက်ပါ။ Microsoft\Windows\MemoryDiagnostic အောက်အထိ 
သွားပါ။ RunFullMemoryDiagnostic ကို Right click နှိပ်ပြီး 
Disable လုပ်ပေးလိုက်ပါ။ စက်ကို Restart ချပေးလိုက်ပါ။

Credit-NetComplus

ဆော့ဝဲပြဿနာဖြေရှင်းနည်း

ဆော့ဝဲလ်ပြဿနာဖြေရှင်းနည်းများ 

ကွန်ပျူတာမှာဖြစ်တတ်တဲ့ "has stopped working" 
ပြဿနာက application crash ဖြစ်သွားလို့ ဖြစ်နိုင်ပါတယ်။
ကွန်ပျူတာမှာသုံးနေတဲ့ program  တွေများလာရင် ကိုယ်သုံး
နေတဲ့ software,program တစ်ခုက ဆက်အလုပ်မလုပ်တော့ပဲ 
"Application.exe has stopped working" လို့  Message box 
တက်လာတတ်ပါတယ်။ ကွန်ပျူတာကိုမရပ်မနားသုံးနေတဲ့အချိန်၊ 
စက်ကမနိုင်မနင်းပဲ program အကြီးစားတွေသုံးနေတယ်၊ software 
ကလည်း စက်နဲ့ သိပ်ပြီး အံဝင်မကျတဲ့ ဆော့ဝဲလ်ကိုထည့်ထားတယ်
ဆိုရင် သုံးနေရက်တန်းလန်းကြီး ဒီလိုပြဿနာမျိုး ဖြစ်နိုင်ပါတယ်။ 
ကွန်ပျူတာအမျိုးစားအသစ်တွေ ပြောင်းလဲထွက်ပေါ် နေသော်လည်း 
"has stopped working" က ဘယ်ကွန်ပျူတာမှာမဆို ဖြစ်နေဦးမှာပါ။ 
ဒီလိုပြဿနာကိုဖြေရှင်းဖို့ နည်းလမ်း (7)ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Restart Program လုပ်ပါ။ 

"Application.exe has stopped working" လို့ ပေါ်လာတဲ့ 
Message box မှာ Restart, Close Program လို့ ပါတယ်။ 
အဲ့ဒီမှာ Restart program ကို နှိပ်လိုက်ပြီးရင် စက်ကို restart 
ချပေးပြီး ပြန်ဖွင့်ကြည့်ပါ။

2. Compatibility settings ကိုပြောင်းပေးပါ။ 

Error တက်နေတဲ့ ဆော့ဝဲလ်ရှိတဲ့နေရာထဲဝင်ပြီး .exe ပါတဲ့ 
ဆော့ဝဲလ်ကို right click နှိပ်။ properties\ Tools\ compatibility 
အောက်က (Run this program in compatibilty mode for) မှာ 
အမှန်ခြစ်ခြစ်ပြီး တစ်ခြား windows os(7,8,10) စသည်ဖြင့်ရွေးပြီး 
အောက်ဆုံးက Run this program as administrator ကို 
အမှန်ခြစ်ခြစ်ပြီး ဖွင့်ကြည့်ပါ။

3. Windwos Defender နဲ့ Offline Virus Scan လုပ်ပေးပါ။ 

အချိန်ရရင် Full Scan လုပ်ပါ။ Windows Defender မ run 
ခင် ဖွင့်ထားတဲ့ files တွေရှိရင် တစ်ခါတည်း Save လုပ်ထားပါ။

4. Registry values တွေကို ရှင်းလင်းပါ။ 

ဆော့ဝဲလ်တစ်ခုကို မလိုတော့လို့ ဖြုတ်လိုက်ပေမယ့် သူ့ ဖိုင် 
data values တွေတော့ registry မှာ ကျန်နေခဲ့တတ်ပါတယ်။ 
Registry values ကိုရှင်းဖို့  Windows Error Repair Tool ကို 
Crack file နဲ့ အတူ http://www.reimageplus.com/
မှာ ဒေါင်းလုဒ်ဆွဲပြီး Install လုပ်ပါ။ (593 KB ) ပဲရှိတယ်။ 
ဒီဆော့ဝဲလ်ရဲ့ အားသာချက်တွေက ကွန်ပျူတာမှာ အဖြစ်များတဲ့ 
ပြဿနာတွေကိုဖြေရှင်းနိုင်မယ်၊ Data file တွေ မပျောက်သွားစေဖို့ 
ကာကွယ်နိုင်မယ်။ အခြားသောကွန်ပျူတာပြဿနာတွေကိုလည်း 
မြန်မြန်ဆန်ဆန်ဖြေရှင်းပေးနိုင်မယ်။ Install လုပ်ပြီးရင် Start 
Scan ကိုနှိပ်ပါ။ ပြီးရင် Repair All ကိုနှိပ်ပါ။

5. စက်မှာ ကျန်ခဲ့တဲ့ ဖိုင်အဟောင်းတွေ ရှင်းလင်းပါ။ 

အရင်ဆုံး search bar မှာ %appdata% ကိုရိုက်ထည့်ပြီး 
အကုန်ဖျက်လိုက်ပါ။ CCleanerနောက်ဆုံး update ကိုသုံးပြီး 
ရှင်းလင်းပါ။ Run box မှာ recent,temp,%temp%,prefetch 
တစ်ခုချင်းစီရိုက်ထည့်ပြီး temporary files တွေကို အကုန်ဖျက်ပါ။ 
Disk Cleanup ထဲဝင်ပြီး temporary files ကိုလည်းဖျက်နိုင်တယ်။

6. SFC and DISM ကို Run ပါ။ 

Cmd command line မှာ sfc/scannow ကိုရိုက်ထည့်ပြီး 
enter နှိပ်ပါ။ ပြီးတဲ့အထိစောင့်ပါ။ စစ်တာ fail ဖြစ်သွားရင် 
cmd ကို admin နဲ့ ဖွင့်ပြီး DISM.exe /Online /Cleanup-image /Restorehealth 
ကို ရိုက်ထည့်ပါ။

7. Permissions ကို ပြောင်းပေးလိုက်ပါ။ 

This PC/My Computer ကို Right click\System Properties\Advanced tab\Performance\Settings ထဲကိုဝင်၊ 
Data Execution Prevention tab အောက်မှာ ”Turn on DEP for 
all programs and services except those I select” ကိုရွေးပေးပြီး 
အောက်က Add မှာ Error တက်နေတဲ့ ဆော့ဝဲလ် file path, location 
နေရာကို ရွေးထည့်ပြီး Ok နှိပ်ပါ။







Credit-NetComplus

ကွန်ပျူတာ User Account Picture အကြောင်းများ

ကွန်ပျူတာ User Account Picture အကြောင်းများ  ကိုရှင်းပြပေးထားပါတယ်နော်

(1) User Account Picture ပြောင်းနည်း
(2) User Account ပုံအဟောင်းတွေ ဖျက်နည်း
(3) Default Account Picture Reset/Restore လုပ်နည်း 
(4) Current User Account ပုံကို Login Screen မှ ဖျောက်၊ 
     Remove လုပ်နည်း

(1) User Account Picture ပြောင်းနည်း

User Account Picture ပြောင်းတာကတော့ အလွယ်လေးပါ။ 
အားလုံးလုပ်တတ်မယ်ထင်ပါတယ်နော်။ Control Panel\All 
Control Panel Items\User Accounts\Change Your Picture 
ထဲဝင်ပါ။ Search box မှာ change user account picture 
ရိုက်ရှာပြီးဝင်လည်းရတယ်။ Shortcut key နဲ့ ဝင်ချင်ရင် Windows 
Key နဲ့ I ကိုတွဲနှိပ်။ Run box မှာဆိုရင် (ms-settings:) Enter နှိပ်၊ 
Command line အသုံးပြုတာကို နှစ်သက်သူဆိုရင်တော့ cmd မှာ 
(start ms-settings:) ကိုရိုက်ထည့်ပြီး Account ကိုနှိပ်ဝင်လိုက်ပါ။ 
မိမိဝင်တတ်သလို ၀င်လို့ ရတယ်နော်။ Change your picture 
အောက်မှာ မိမိကြိုက်တဲ့ပုံကို ကွန်ပျူတာထဲကနေ Browse လုပ်ပြီး 
ပြောင်းလို့ ရတယ်။

(2) User Account ပုံအဟောင်းတွေ ဖျက်နည်း

Windows 8,10 တွေမှာ Account Picture ကိုမကြိုက်လို့ 
ခဏခဏပြောင်းနေရင် ပုံအဟောင်းတွေက Your Picture ရဲ့ 
ဘေးမှာ အကုန်ပေါ်နေတတ်ပါတယ်။ အဲ့ဒီပုံအဟောင်းတွေကို 
မကြိုက်တော့လို့ ဖျက်လိုက်တယ်၊ တစ်ခြားပုံပြောင်းလိုက်တယ်ဆိုမှ 
ပြန်မြင်နေရတာ တော်တော်ကို စိတ်ကသိကအောက်ဖြစ်ဖူးကြမှာပါ။ 
အဲ့ဒီပုံအဟောင်းတွေကို ဖျက်ပစ်ချင်ရင်တော့ 

C:\Users\username\AppData\Roaming\Microsoft\
Windows\AccountPictures   ထဲကို 

တစ်ဆင့်ချင်းဝင်သွားပါ။ ဒီနေရာမှာ တစ်ခုရှိတာက C:\Users\
username ထဲဝင်ပြီးသွားပြီး AppData ကို မတွေ့ ရင်တော့ 
Hidden လုပ်ထားလို့ ပါ။ Windows 8,10 သမားတွေဆိုရင် 
အပေါ်ဆုံးက Menu bar ပေါ်က View ထဲဝင်ပြီး အပေါ်
ညာဘက်ခြမ်းမှာ Hidden Items ကို အမှန်ခြစ်ပေးလိုက်ပါ။ 
Windows 7 သမားတွေ ဆိုရင် Folder Options- View ထဲက 
Show Hidden Files,Folders,and Drives ကို အမှန်ခြစ်ပေး၊ 
Ok နှိပ်လိုက်ပါ။ အဲ့တာဆိုရင် ခုနက AppData ဆိုတာကို
အ၀ါရောင်မိန်မိန်လေးနဲ့ တွေ့ ရမှာပါ။ 

C:\Users\username\AppData\Roaming\Microsoft\
Windows\AccountPictures ထဲရောက်ရင် 

ကိုယ်ပြောင်းခဲ့တဲ့ပုံတွေ တွေ့ ရမယ်။ မကြိုက်ရင် အကုန်သာ 
delete လုပ်လိုက်ပါ။

(3) Default Account Picture Reset/Restore လုပ်နည်း

ကွန်ပျူတာမှာ User account picture ထည့်တုန်းကထည့်ထားပြီး 
စိတ်ပြောင်းသွားလို့ ဘာပုံမှ ထည့်မထားချင်တော့ဘူး၊ အခုလက်ရှိ
ထည့်ထားတဲ့ပုံကိုလည်း ဖျောက်ချင်တယ်ဆိုရင်တော့ သူ့ ကိုလည်း 
Account picture ပြောင်းတဲ့နေရာကနေ ပြောင်းချင်တိုင်း လွယ်လွယ်
ပြောင်းလို့ မရအောင် Windows က Hidden လုပ်ထားပါတယ်။ 
အဲ့ဒီတော့ အပေါ်က ပြောခဲ့တဲ့အတိုင်း Hidden Items ကို အမှန်
ခြစ်ပေးထားလိုက်ပါ။ ပြီးရင် ပထမနည်းထဲကအတိုင်း Change 
your account picture ထဲကိုဝင်ပါ။ Your Picture အောက်မှာ 
Browse ထဲဝင်ပါ။ C:\ProgramData\Microsoft\User Account 
Pictures ထဲဝင်သွားပါ။ Default Picture ထဲက မိမိကြိုက်တဲ့ 
ပုံကို ရွေးပေးလိုက်ပါ။

(4) Current User Account ပုံကို Login Screen မှာ ဖျောက်၊ 
     Remove လုပ်နည်း

ကွန်ပျူတာကို စဖွင့်ဖွင့်ချင်း Login Screen မှာ User Account ကို 
ဖျောက်ထားချင်တယ်ဆိုရင် Windows File Explorer ကိုဖွင့်လိုက်ပါ။ C:\Users\Public\PublicAccountPictures ထဲဝင်ပါ။ 

အဲ့ဒီမှာ( S-1-5-21-2083314068…) Folder ကိုတွေ့ ရမယ်။ 

အဲ့ဒီ Folder ကို နာမည်တစ်ခုခုနဲ့ Rename လုပ်လိုက်ပါ။ 
တစ်ခါတည်း အပြီးတိုင် delete လုပ်ချင်ရတော့ 


ဆော့ဝဲလ်ကို download ဆွဲ၊ application ကို Run ပေးပါ။ 
ခုနက (S-1-5-21-2083314068…) Folder ကို Take-Ownershiop 
software နဲ့ Save လုပ်ထားပြီး delete လုပ်ပါ။ စက်ကို Restart ချ၊ 
သို့ မဟုတ် Sign out လုပ်ပြီး ပြန်ဝင်ကြည့်ပါ။ User account picture ကို 
တွေ့ ရတော့မှာ မဟုတ်ဘူး။ Login Screen မှာ User account ကို 
ပြန်ပေါ်စေချင်ရင် ခုနက folder ကို C:\Users\Public\PublicAccount
Pictures အောက်မှာ ပြန်ထည့်ပေးလိုက်ပါ။ 







Credit-NetComplus

Softwares တွေအတွက် Serial no (or)လိုင်စင် Key တောင်းလျှင် ဖြေရှင်းနည်း

Softwares တွေအတွက် Serial no (or) Key တောင်းလျှင် ဖြေရှင်းနည်း
ဘာလုပ်ရမလဲ (ဖတ်ပေးပါ)

ရေးခဲ့တာလည်းကြာပြီ၊ ပြောပြခဲ့တာလည်း နေရာစုံပြီ၊ ကွန်မန့်ရေးခဲ့တာလည်း ခဏခဏဘဲ ... ဒါပေမယ့်ခုချိန်ထိလည်း မေးနေကြဆဲ၊ ထပ်လည်း ခဏခဏမေးနေကြတယ် ... ခုပြောမယ့်အကြောင်း အရာသည် အားလုံးအတွက်လိုအပ်ပါတယ် .. တချို့တွေ လိုချင်တဲ့ softwares တွေကို Download လုပ်တယ် ... ပါလာတဲ့ keygen နဲ့ serial က အဆင်မပြေတာမျိုးတွေ မကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ် ... အဲ့လိုဖြစ်လာရင် ဘာမှမစဉ်းစားနဲ့တော့ ..,
www.serials.ws ဆိုတဲ့ website ကိုသာသွား ... online မှာ ရှိသမျှသော softwares အားလုံး ၇၅% လောက်ရဲ့ serials နံပါတ်တွေရှိတယ် ... ကျနော် နည်းပညာလောကထဲကို ၀င်ပြီး ၃ နှစ်လောက် ကတည်းကနေ သုံးလာတာ ခုချိန်ထိဘဲ ....
သုံးနည်း 
--------------
1. www.serials.ws ဆိုက်ကိုသွား ..,
2. မိမိ လိုချင်သည့် softwares အမည်ကို ရိုက်ထည့် (eg, Nero 8.1 ဆိုကြပါစို့) .. အဲ့တာဆိုရင် မိမိလိုချင်တာက 8.1 ဆိုပေမယ့် ကိုယ် ရှာတဲ့အခါ version ကို ထည့်ပြီးမရှာနဲ့ ... ဆိုက်ရဲ့ ဘယ်ဖက်ခြမ်းက search box မှာ "nero" လို့ရိုက်ထည့်လိုက် (မှတ်ချက်... ရိုက်ထည့်ရင် - အဖွင့်မျက်တောင် အပိတ်မျက်တောင် မထည့်ရပါ)
(တစ်ခါတစ်လေ လိုအပ်ရင်တော့ VERSION ရိုက်ထည့်ရှာရတာတွေလည်း ရှိပါတယ်)
3. Nero နဲ့ပါတ်သက်တဲ့ version တွေအကုန် ကျလာလိမ့်မယ် .. အဲ့တော့မှ ကိုယ်လိုချင်တဲ့ version ကို ကလစ်နှိပ်ပါ ... အဲ့တာဆို serial နံပါတ် ရေးထားတဲ့ box လေးပေါ်လာလိမ့်မယ် .... copy ကူးပြီး notepad မှာ သိမ်းထားလိုက် ..
အဆိုပါဆိုက်၏ တချို့ key များသည် ဆိုက်ပိုင်ရှင်ကိုယ်တိုင် ဝယ်ထားသည်များပင် တင်ပေးထားတာတွေ ရှိပါတယ် ...ပုံလေးတွေကိုဆက်ကြည့်လိုက်ပါနော်
အဆင်ပြေကြပါစေနော်






Credit…မူရင်း